ဂါဇာကမ်းမြှောင်နဲ့ အီဂျစ်နိုင်ငံကြားက Rafah နယ်စပ် ဂါဇာဘက်ခြမ်းကို အစ္စရေးစစ်တပ်က သိမ်းပိုက်လိုက်ပြီလို့ ဒီနေ့ပဲ ပြောပါတယ်။ သောင်းနဲ့ချီတဲ့ ပါလက်စတိုင်းဒေသခံတွေကို အဲဒီဒေသကနေ ထွက်ခွာဖို့ အမိန့်ထုတ်ပြီး နောက်တနေ့မှာပဲ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်တလဲလဲ လုပ်ခဲ့တာလည်းဖြစ်ပါတယ်။
ရုရှားနိုင်ငံအတွင်းက အတိုက်အခံ အင်အားစုတွေကို ချေမှုန်း ဖျက်ဆီးတာ၊ ယူကရိန်းကို ကျေမွ ပျက်ဆီးသွားအောင် စစ်ပွဲဆင်နွှဲတာနဲ့ ရှိသမျှ အာဏာအားလုံး သူ့လက်ထဲမှာ အကုန်ထိန်းချုပ်ထားလိုက်ပြီးတဲ့နောက် ရုရှားသမ္မတ Vladimir Putin ဟာ ၅ ကြိမ်မြောက် သမ္မတ သက်တမ်းအတွက် ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါပြီ။
၂၀၂၃ ခုနှစ်အတွင်း သတင်းလောကရဲ့အမြင့်ဆုံး ပူလစ်ဇာဆုရသူစာရင်းကို တနင်္လာနေ့က ကြေညာခဲ့တာမှာ နယူးယောက်အခြေစိုက် ProPublica သတင်းစာတိုက်က သတင်းလောကရဲ့အမြင့်ဆုံး အများပြည်သူဝန်ဆောင်မှုဆိုင်ရာ ပူလစ်ဇာဆုချီးမြှင့်ခံရပါတယ်။
ချစ်ကြည်ရေးခရီးစဥ်နဲ့ ပြင်သစ်နိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ပြင်သစ်သမ္မတ Emanuel Macron၊ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဥရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံကြား မျှတတဲ့ကုန်သွယ်မှုရှိရေး အာရုံစိုက်ဆွေး
ဂါဇာကမ်းမြောင် Rafah ဒေသ အရှေ့ပိုင်းမှာရှိနေတဲ့ ဒေသခံတွေ Khan Yunis အပါအဝင် အစ္စရေးတို့အဆိုအရ တိုးချဲ့ သတ်မှတ်ထားတဲ့ စာနာမှုဆိုင်ရာ အကာအကွယ်ပေးထားတဲ့ ဒေသတွေကို ရှောင်တိမ်းပေးကြဖို့ အစ္စရေးစစ်တပ်က ဒီကနေ့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
တကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်ရဲ့ ဦးဆောင်မှုကို တရုတ်ရဲ့ ဦးဆောင်မှုထက်ပိုပြီးလက်ခံကြတဲ့အကြောင်း တနင်္လာနေ့မှာထုတ်ပြန်တဲ့ Gallup စစ်တမ်းကဖော်ပြပါတယ်။ အမေရိကန် ဦးဆောင်မှုကို နိုင်ငံတော်တော်များများ ထောက်ခံပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ ဒီအင်အားကြီးနှစ်နိုင်ငံလုံးကို ထောက်ခံမှုကျဆင်းသွားတယ်လို့ စစ်တမ်းကဖော်ပြတာပါ။
ရုရှားနိုင်ငံရဲ့ခေါင်းဆောင်အဖြစ် ၂၅ နှစ်နီးပါး ဦးဆောင်လာတဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ နောက်ထပ် ၆ နှစ်တာ သမ္မတသက်တမ်းအတွက် အင်္ဂါနေ့မှာ ကျမ်းသစ္စာကျိန်ဆိုတော့မှာပါ။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ နိုင်ငံတော်ခရီးစဥ်နဲ့ ပြင်သစ်နိုင်ငံကို တနင်္ဂနွေနေ့က ရောက်ရှိပါတယ်။ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ ယူကရိန်းအရေးကနေ ကုန်သွယ်ရေးကိစ္စရပ်တွေထိ ဆွေးနွေးကြမယ်လို့ ခန့်မှန်းရပါတယ်။
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ မြန်မာနိုင်ငံအပေါ် စွဲချက်တင်တဲ့အမှုကို နိုင်ငံတကာတရားရုံးမှာ မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာ နှစ်နိုင်ငံစလုံး မျှော်လင့်ထားကြောင်း သောကြာနေ့က ထုတ်ဖော်ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြား တနိုင်ငံလုံး အတိုင်းအတာနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရပ်သားက ဒီသီတင်းပတ်ထဲမှာ ၃ သန်းကျော်အထိ စံချိန်တင်ရောက်ရှိလာပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒီကိန်းဂဏန်းဟာ ခြောက်လအတွင်း ၅၀ ရာခိုင်နှုန်း ခုန်တက်သွားတာလို့ ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဂါဇာမှာ အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုတွေဟာ တစုံတရာ သဘောတူညီချက်မရရှိဘဲ စနေနေ့က ပြီးဆုံးခဲ့ပါတယ်။ စနေနေ့မှာပဲ ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့မှာ ကိုင်ရိုမြို့ကို ရောက်ရှိလာပြီး အီဂျစ်၊ ကာတာနဲ့ အမေရိကန် ကြားဝင်စေ့စပ်ပေးသူတွေနဲ့ ဆွေးနွေးခဲ့တာပါ။
ဆွေးနွေးပွဲစတင်ပြီး မကြာခင်မှာပဲ အစ္စရေးထိပ်တန်းအရာရှိတဦးက ဟားမတ်စ်ဟာ စစ်ပွဲလုံးဝအဆုံးသတ်ရေး တောင်းဆိုချက်ကို စွန်လွှတ်ဖို့ ငြင်းဆန်နေလို့ “သဘောတူညီချက်တရပ် ရနိုင်ခြေကို ပျက်ပြားစေတယ်” လို့ စွပ်စွဲခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်