ယူကရိန်းပဋိပက္ခ အဆုံးသတ်နိုင်ရေး ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပမယ့် ဆွေးနွေးပွဲကို တက်ရောက်စရာ အကြောင်း မရှိဘူးလို့ ရုရှားက ကြာသပတေးနေ့က ပြောဆိုလိုက်ပါတယ်။
ဂါဇာစစ်ပွဲဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်တက္ကသိုလ်တွေမှာ ကျောင်းသားတွေ စတည်းချ ဆန္ဒပြမှုတွေကို ရဲတွေ ဖြိုခွင်းနေချိန်မှာ တခြားနိုင်ငံတွေက တက္ကသိုလ်ကျောင်းတွေမှာ ဆန္ဒပြမှုတွေ ပျံ့နှံ့ ဖြစ်ပွားနေပါတယ်။
အမှန်တရားနဲ့ အခြေအနေမှန်တွေကို တင်ပြနေတဲ့ သတင်းသမားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတာရပ်ဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ သတင်းလွတ်လပ်မှုဟာ ရွေးချယ်စရာ မဟုတ်ဘဲ လိုအပ်ချက်တခုဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ကတောင်းဆိုလိုက်တာဖြစ်ပါတယ်။
မြောက်ကိုရီးယားက တောင်ကိုရီးယားမှာရှိတဲ့ နိုင်ငံခြားသံရုံးတွေကို တိုက်ခိုက်ဖို့ရှိတယ်ဆိုတဲ့ သတိပေးချက်ကြောင့် နိုင်ငံ ၅ နိုင်ငံက သံရုံးတွေအတွက် အကြမ်းဖက်မှု သတိပေးချက်အဆင့်ကို တိုးမြှင့်လိုက်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့မှာ ကြေညာပါတယ်။
တရုတ်နဲ့ ဖိလစ်ပိုင် ရေပြင်နယ်နိမိတ် ပိုင်နက်အငြင်းပွားနေတဲ့ နေရာမှာ ဖိလစ်ပိုင်သင်္ဘော ၂ စီးကို တရုတ်သင်္ဘောက မီးသတ်ပိုက်နဲ့ ထိုးခဲ့တဲ့ ဖြစ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ တရုတ်သံရုံးတာဝန်ရှိသူကို ဖိလစ်ပိုင်အစိုးရက ဆင့်ခေါ်ခဲ့ပါတယ်။
တကယ်လို့ ပါလက်စတိုင်းတွေ သေဆုံးခဲ့မယ်ဆိုရင်၊ လူသားမျိုးနွယ်တွေလည်း သေဆုံးတာဖြစ်ပြီး၊ ကျနော်တို့အနေနဲ့ ဒါမျိုးအဖြစ်မခံပါဘူးလို့ သမ္မတ Petro က ပြောပါတယ်။ အခုလို ကိုလံဘီယာသမ္မတရဲ့ဆုံးဖြတ်ချက်ဟာ Hamas တွေကို လက်ဆောင်ပေးလိုက်တာဖြစ်တယ်လို့ အစ္စရေး z က ချက်ချင်းပဲ ပြန်တုံ့ပြန်လိုက်ပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းမှာ အဝေးပြေးအမြန်လမ်း ပြိုကျပျက်စီးသွားတာကြောင့် သေဆုံးတဲ့သူဦးရေဟာ ၃၆ ယောက်ရှိသွားပြီလို့ တရုတ်အစိုးရပိုင် မီဒီယာက ဒီကနေ့ မေလ ၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။
မြန်မာအပါအဝင် အရှေ့တောင်အာရှ၊ တောင်အာရှ နိုင်ငံတချို့မှာ အပူလှိုင်းဒဏ်ကို ခံစားခဲ့ကြရာမှာ ဘင်္ဂလားဒေရှ့်နိုင်ငံကတော့ ဧပြီလဟာ စံချိန်တင် အပူဆုံးလဖြစ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
တပတ်အတွင်း ဒုတိယမြောက် မီးတောင် အကြိမ်ကြိမ် ထပ်မံ ပေါက်ကွဲတာဖြစ်ပြီး လွှင့်စင် ထွက်ကျလာတဲ့ ချော်ရည်နဲ့ အစအနတွေ အနီးနား ကျေးရွာတွေပေါ် ကျနေတဲ့အတွက် အင်ဒိုနီးရှား အာဏာပိုင်တွေက အမြင့်သုံး သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဂါဇာမှာ ဟာမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးတာအပါအဝင် အစ္စရေးနဲ့ ဟာမတ်စ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း စစ်အတွင်း အတိဒုက္ခရောက်နေသူတွေကို မမေ့ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးဖို့ ပုပ်ရဟန်းမင်းကြီး Francis က မနေ့က ဗာတီကန်မှာ ကျင်းပတဲ့ ကင်ညာနိုင်ငံ ရေလွှမ်းမိုးမှုတွေမှာ မြေပြိုပြီး သေဆုံးခဲ့သူတွေအတွက် ဝတ်ပြုဆုတောင်းပွဲမှာ မြွက်ကြားသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်