လက်ရှိ အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးနဲ့ ဟာမတ်စ်တို့ လက်တွေ့ အကောင်အထည်ဖော်လာရေးအတွက် အီဂျစ်၊ ကာတာနိုင်ငံတို့နဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ သမ္မတ Joe Biden က သဘောတူထားတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က မနေ့ တနင်္လာနေ့မှာ ပြောပါတယ်။
မြန်မာအပါအဝင် အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေမှာ အခုသီတင်းပတ်တွေအတွင်း အပူလှိုင်းဝင်ရောက်နေတာကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။
ဗြိတိသျှနာမည်ကျော် ရော့ခ်ဂီတအဖွဲ့ ဖြစ်တဲ့ Rolling Stones ရိုးလင်းစတုံးစ်အဖွဲ့ အမေရိကန် ပြည်ထောင်စုတလွှား ဖျော်ဖြေပွဲခရီးစဉ်ကို ဧပြီလ ၂၈ ရက်နေ့ ၂၀၂၄ က စတင်တော့ ပထမဆုံးဖျော်ဖြေတဲ့ တက္ကဆက်ပြည်နယ် ဟူစတန်မြို့ကို အနယ်နယ်အရပ်ရပ်က ပရိသတ်တွေ ရောက်လာခဲ့ကြတာပါ။
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အခုစတင်လိုက်တဲ့ ဥရောပခရီးစဉ်မှာတော့ တရုတ်နဲ့ အီးယူ ဥရောပနိုင်ငံတွေကြား ကုန်သွယ်ရေးတင်းမာမှုကို လျှော့ချဖို့ ကြိုးပမ်းဖွယ်ရှိတယ်လို့ သုံးသပ်သူတွေက ယူဆကြပါတယ်။ တရုတ်သမ္မတ Xi Jinping ဟာ ၂၀၁၉ ခုနှစ်ကတည်းကဆိုရင် ပထမဆုံးအဖြစ် အခု ဥရောပ ၆ ရက်တာခရီးကို တနင်္ဂနွေနေ့က စခဲ့တာပါ။
ရုရှားနဲ့စစ်ဖြစ်နေတဲ့ ယူကရိန်းကိုအားဖြည့်ဖို့ အကူအညီတွေပို့ဆောင်ထားပြီး ယူကရိန်းဘက်က အဆုံးအရှုံးတွေ ရှိနေပေမဲ့ လက်နက်အကူအညီတွေ မြန်မြန်ဆန်ဆန်ရောက်လာတနဲ့အမျှ ယူကရိန်းဟာ ရုရှားခုခံစစ်မှာအနိုင်ယူဖို့ နောက်မကျသေးဘူးလို့ ယူကရိန်းနိုင်ငံ Kyiv မြို့ကိုရောက်လာတဲ့ NATO အကြီးအကဲ Jens Stoltenberg က ပြောပါတယ်။
ဂါဇာဒေသမှာ စာနာမှုအကူအညီတွေ ရရှိရေး တိုးတက်မှုတွေ ရှိနေပေမဲ့ အစ္စရေးက ဒီထက်ပို ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
အာရှတလွှားမှာ အပူဒဏ်ကြောင့် စာသင်ကျောင်းတွေပိတ်၊ သတိပေးချက်တွေ ထုတ်ပြန်နေရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဆိုရင်လည်း အစိုးရက ကျောင်းတွေကို ၂ ရက်ပိတ်လိုက်ပြီး အားလုံးကို အိမ်တွေမှာပဲနေကြဖို့ အမိန့်ထုတ်ခဲ့တာပါ။
Solomon Islands ဆော်လမွန်ကျွန်းစုနိုင်ငံမှာ ဧပြီလ ၁၇ ရက်နေ့က အထွေထွေ ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် တာဝန်ရှိသူတွေ မဲတွေကို ဆက်လက် ရေတွက်နေပါတယ်။ မဟာဗျူဟာကျ ပစိဖိတ်ကျွန်းနိုင်ငံအနေနဲ့ တရုတ်အစိုးရနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။
တရုတ်နဲ့ဂျပန်တို့ကြား နယ်မြေပိုင်နက်အငြင်းပွါးနေတဲ့ အရှေ့တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်ကမ်းခြေစောင့်တပ်နဲ့ ဂျပန်လွှတ်တော်အမတ်ပါအဖွဲ့တို့ ထိပ်တိုက်တွေ့ခဲ့ကြတယ်လို့ တိုကျိုမြို့က တရုတ်သံရုံးနဲ့ ဂျပန်သတင်းမီဒီယာတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေလျော့ကျပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် ASEAN TROIKA နဲ့ TROIKA PLUS အစည်းဝေးတွေခေါ်ဖို့ ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို လာအိုနိုင်ငံက ကြိုဆိုတယ်လို့ လာအိုနိုင်ငံခြားရေးဌာနပြောခွင့်ရ Nikorndej Balankura က ပြောကြား
အစ္စရေးနဲ့ Hamas ကြား အပစ်အခတ်ရပ်စဲရေး နဲ့ ပတ်သက်ပြီး ၂ ဘက်စလုံးအနေနဲ့ ပိုမိုအားစိုက်ပြီး အလေးအနက်ထား လုပ်ဆောင်ကြဖို့ ကာတာနိုင်ငံ အကြီးတန်းတာဝန်ရှိသူတဦးက ၂ ဘက်စလုံးကို တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နိုင်ငံတဝန်းက တက္ကသိုလ်ကျောင်းတွေမှာ ဂါဇာစစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို တချို့တက္ကသိုလ်တွေနဲ့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးအရေးယူတာတွေ ရှိနေချိန်မှာပဲ၊ ဂါဇာစစ်ပွဲကို ဆန့်ကျင်တဲ့ ကျောင်းသားတွေကတော့ ဆန္ဒပြပွဲတွေကို ဆက်လုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်