ဂါဇာစစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်တချို့ မှာ ဆန္ဒပြမှုတွေ ရပ်ဆိုင်းထားကြပါတယ်။ ပါလက်စတိုင်းထောက်ခံတဲ့ ကျောင်းသားတွေနဲ့ တက္ကသိုလ်အာဏာပိုင်တွေကြား သဘောတူညီမှုတွေ ရခဲ့ပြီးနောက် ဆန္ဒပြပွဲတွေကို ရပ်ခဲ့ကြတာဖြစ်ပါတယ်။
အိန္ဒိယနဲ့ ဂျပန်နိုင်တွေဟာ တရုတ်နဲ့ ရုရှားနိုင်ငံတွေလိုပဲ နိုင်ငံခြားသားတွေကို လက်မခံချင်ကြတဲ့အတွက် စီးပွားရေးအရ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောဆိုလိုက်တာနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ ဂျပန် အစိုးရတွေက တုံ့ပြန်လိုက်ကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးဖို့အတွက် Hamas အဖွဲ့ကိုယ်စားလှယ်တွေ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ ရောက်ရှိ နေကြပါတယ်။ အီဂျစ်နိုင်ငံ၊ ကာတာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အီဂျစ်နိုင်ငံမှာ ဆွေးနွေးဖို့ ရောက်နေတာပါ။
ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ဟာ ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလတွေအတွင်း အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံကတော့ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း ၁၇၁ ဖြစ်ပြီး မနှစ်ကထက် ၂ မှတ် တက်လာပေမယ့် သတင်းလွတ်လပ်ခွင့် တိုးတက်မှုတော့ မရှိဘူးလို့လည်း ဖေါ်ပြပါတယ်။ မြန်မာဟာ တရုတ်ပြီးရင် သတင်းသမားတွေကို ထောင်ချတဲ့ ဒုတိယ အများဆုံး နိုင်ငံအဖြစ် CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက သတ်မှတ်ထားတာပါ။
ရုရှားစစ်ထောက်လှမ်းရေးအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်က ဂျာမနီအာဏာရ ညွန့်ပေါင်းအဖွဲ့ကို ကွန်ပြူတာဆိုင်ဘာတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲပြီး ဘာလင်က ရုရှားသံရုံးတာဝန်ခံကို ဂျာမနီနိုင်ငံခြားရေးဌာနက သတိပေးခဲ့တယ်လို့ ဂျာမနီအစိုးရ ဒုပြောခွင့်ရ Wolfgang Büchner က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရာဖါမြို့ကို အစ္စရေးက ထိုးစစ်ဆင်တော့မယ့်အနေအထား ရောက်နေချိန်မှာပဲ၊ ဟားမတ်စ်အကြီးအကဲ Ismail Haniyeh က အပစ်ရပ်ရေးညှိနှိုင်းမှုတွေ အပြီးသတ်ဖို့ ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့ကို မကြာခင် အီဂျစ်ကိုစေလွှတ်မယ်လို့ ပြောပါတယ်။ အစ္စရေးဘက်က နောက်ဆုံးတင်ပြတဲ့ အဆိုပြုချက်အတွက် အပြုသဘောလေ့လာနေကြောင်း ပြောပါတယ်။
ယူကရိန်းပဋိပက္ခ အဆုံးသတ်နိုင်ရေး ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပမယ့် ဆွေးနွေးပွဲကို တက်ရောက်စရာ အကြောင်း မရှိဘူးလို့ ရုရှားက ကြာသပတေးနေ့က ပြောဆိုလိုက်ပါတယ်။
ဂါဇာစစ်ပွဲဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်တက္ကသိုလ်တွေမှာ ကျောင်းသားတွေ စတည်းချ ဆန္ဒပြမှုတွေကို ရဲတွေ ဖြိုခွင်းနေချိန်မှာ တခြားနိုင်ငံတွေက တက္ကသိုလ်ကျောင်းတွေမှာ ဆန္ဒပြမှုတွေ ပျံ့နှံ့ ဖြစ်ပွားနေပါတယ်။
အမှန်တရားနဲ့ အခြေအနေမှန်တွေကို တင်ပြနေတဲ့ သတင်းသမားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတာရပ်ဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ သတင်းလွတ်လပ်မှုဟာ ရွေးချယ်စရာ မဟုတ်ဘဲ လိုအပ်ချက်တခုဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ကတောင်းဆိုလိုက်တာဖြစ်ပါတယ်။
မြောက်ကိုရီးယားက တောင်ကိုရီးယားမှာရှိတဲ့ နိုင်ငံခြားသံရုံးတွေကို တိုက်ခိုက်ဖို့ရှိတယ်ဆိုတဲ့ သတိပေးချက်ကြောင့် နိုင်ငံ ၅ နိုင်ငံက သံရုံးတွေအတွက် အကြမ်းဖက်မှု သတိပေးချက်အဆင့်ကို တိုးမြှင့်လိုက်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့မှာ ကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်