သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rafah ဒေသခံတွေ ထိုးစစ်မတိုင်ခင် တိမ်းရှောင်ကြဖို့ အစ္စရေးသတိပေး


ဂါဇာကမ်းမြောင် Rafah ဒေသကို စွန့်ခွာလာကြသူများ (မေ ၆၊ ၂၀၂၄)
ဂါဇာကမ်းမြောင် Rafah ဒေသကို စွန့်ခွာလာကြသူများ (မေ ၆၊ ၂၀၂၄)

ဂါဇာကမ်းမြောင် Rafah ဒေသ အရှေ့ပိုင်းမှာရှိနေတဲ့ ဒေသခံတွေ Khan Yunis အပါအဝင် အစ္စရေးတို့အဆိုအရ တိုးချဲ့ သတ်မှတ်ထားတဲ့ စာနာမှုဆိုင်ရာ အကာအကွယ်ပေးထားတဲ့ ဒေသတွေကို ရှောင်တိမ်းပေးကြဖို့ အစ္စရေးစစ်တပ်က ဒီကနေ့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ Rafah ကို အစ္စရေးက မကြာခင်ကာလအတောအတွင်း ထိုးစစ်ဆင် တိုက်ခိုက်ဖို့ ပြင်ဆင်တဲ့အနေနဲ့ ဒေသခံ အရပ်သားတွေကို ရှောင်တိမ်းခိုင်းတာ ဖြစ်ပါတယ်။

Rafah မှာရှိတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေကို အစ္စရေးစစ်တပ်အနေနဲ့ အင်အားသုံး နှိမ်နင်းသွားမှာဖြစ်တဲ့အတွက် ဒေသခံတွေ ရှောင်ပေးကြဖို့နဲ့ ဒီဒေသမှာ ဆက်နေသူတွေဟာ ကိုယ့်အသက်အတွက် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရက အာရပ်ဘာသာစကားနဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

အစ္စရေးအနေနဲ့ Rafah မှာ နေရာဒေသ အကန့်အသတ်နဲ့ စစ်ဆင်ရေးပြုလုပ် စစ်တပ် ပြောခွင့်ရက ပြောဆိုထားပြီး အဲဒီနေရာတွေမှာ ရှိနေတဲ့ ဒေသခံ တသိန်းလောက်ကို ဘေးကင်းရာ ထွက်ခွာပေးကြဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။ ဂါဇာကမ်းမြောင်မှာရှိနေတဲ့ ဟာမတ်စ်အဖွဲ့ကို အမြစ်ပြတ် တိုက်ထုတ်မယ်လို့ ကြွေးကြော်ထားတဲ့ အစ္စရေးက အစောပိုင်းကလည်း အလားတူ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ဘူးပါတယ်။ Rafah မှာလက်ရှိ နေထိုင်နေသူ အများအပြားဟာ အစ္စရေးက ဂါဇာကမ်းမြောင်ကို ထိုးစစ်ဆင် တိုက်ခိုက်တာကြောင့် ဒီဒေသကို ထွက်ပြေး တိမ်းရှောင်လာသူတွေ ဖြစ်ပါတယ်။

ဒီအတောအတွင်း Rafah ဒေသခံတွေ ထွက်ခွာသွားဖို့ အစ္စရေးက အမိန့်ထုတ်ထားပေမယ့် အပစ်ရပ်ရေးကိစ္စ ဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်သွားမယ်လို့ ဟာမတ်စ်အဖွဲ့က ပြောကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG