သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်တောင်ပိုင်း အဝေးပြေးလမ်း မြေပြိုမှုကြောင့် သေဆုံးသူ ၃၆ ဦးအထိ ရှိလာ


တရုတ်တောင်ပိုင်း အဝေးပြေးလမ်း မြေပြိုထားသည့်နေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (မေ ၁၊ ၂၀၂၄)
တရုတ်တောင်ပိုင်း အဝေးပြေးလမ်း မြေပြိုထားသည့်နေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (မေ ၁၊ ၂၀၂၄)

တရုတ်နိုင်ငံတောင်ပိုင်းမှာ အဝေးပြေးအမြန်လမ်း ပြိုကျပျက်စီးသွားတာကြောင့် သေဆုံးတဲ့သူဦးရေဟာ ၃၆ ယောက်ရှိသွားပြီလို့ တရုတ်အစိုးရပိုင် မီဒီယာက ဒီကနေ့ မေလ ၂ ရက်‌နေ့မှာ ပြောလိုက်ပါတယ်။ကွမ်တုန်းပြည်နယ်က Meizhou မြို့ နဲ့ Dabu ခရိုင်ကြားက အဝေးပြေးလမ်းပိုင်းတခု ရုတ်တရက်ပြိုကျသွားတာကြောင့် နောက်ထပ် လူ ၃၀ ထက်မနည်းလည်း ဒဏ်ရာရသွားခဲ့ပေမဲ့ စိုးရိမ်ရတဲ့ အခြေအနေတော့မရှိဘူးလို့ ဆင်ဟွာသတင်းက ပြောပါတယ်။

အခုလို အမြန်လမ်းမြေပြိုတာကြောင့် ကား ၂၃ စင်းလည်း အောက်ကို ပြုတ်ကျသွားခဲ့တယ်လို့ ဆင်ဟွာသတင်းက ဖော်ပြပါတယ်။ ဒီဒေသမှာ မိုးအဆက်အပြတ် အကြီးအကျယ်ရွာသွန်းပြီး ရာသီဥတု ဆိုးရွားမှုကြောင့် အခုလို လမ်းပြိုကျသွားတာဖြစ်တယ်လို့ တရုတ်အစိုးရပိုင် မီဒီယာက ပြောပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်းက ကွမ်တုန်းပြည်နယ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မိုးသီးကြွေတာအပါအဝင် စံချိန်တင်လောက်အောင် မိုးအကြီးအကျယ် ရွာသွန်းခဲ့တာကြောင့် တချို့နေရာတွေမှာ ရေကြီးတာတွေနဲ့ မြေပြိုကျတာတွေအထိ ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG