အီရန်သမ္မတနဲ့ အခြားအဆင့်အမြင့်အရာရှိတွေ လိုက်ပါလာတဲ့ရဟတ်ယာဥ်ပျက်ကျသွားတဲ့ နိုင်ငံ့အနောက်မြောက်ပိုင်းမှာ တနင်္ဂနွေနေ့ညထိ ရှာဖွေရေးဆက်လုပ်နေကြတယ်လို့ အီရန်တာဝန်ရှိသူတွေက ပြောပါတယ်။ သမ္မတ Ebrahim Raisi ရဲ့ ကံကြမ္မာကိုတော့ ခုထိရေရေရာရာမသိရသေးပါဘူး။
လုပ်ကြံခံခဲ့ရတဲ့ ဆလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် Robert Fico ဟာ အသက်အန္တရာယ် စိုးရိမ်စရာအခြေအနေမှာ မရှိတော့ဘူးလို့ လက်ထောက်ဝန်ကြီးချုပ် Robert Kalinak က ဒီကနေ့ ပြောပါတယ်။
ပါလက်စတိုင်းနယ်မြေ ဂါဇာဒေသ အလယ်ပိုင်းမှာရှိတဲ့ ဒုက္ခသည်စခန်းက အိမ်တအိမ်ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးသွားတယ်လို့ ဂါဇာဆေးရုံက ဒီကနေ့ ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မယ့် တရုတ်နိုင်ငံက စစ်သင်္ဘော ၂ စင်း ဒီကနေ့ပဲ ကမ္ဘောဒီးယားဆိပ်ကမ်းကို ရောက်လာပါတယ်။ အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ဟာ ၂ နိုင်ငံကြား ရင်းနှီးမှုကို ပြသတာဖြစ်ကြောင်းလည်း တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးက ပြောလိုက်ပါတယ်။
ယူကရိန်းက အမေရိကန်လုပ် ATACMS မစ်ဇိုင်းဒုံး ၉ ခုနဲ့ ခရိုင်းမီးယားဒေသကို တိုက်ခိုက်ခဲ့သလို၊ တခြားဒေသတွေမှာလည်း အဝေးထိန်းဒရုန်း အနည်းဆုံး ၆၀ လောက်နဲ့ တိုက်ခိုက်ခံခဲ့ရကြောင်း ရုရှားတာဝန်ရှိသူတွေက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
ရာသီဥတု ပြောင်းလဲလာမှုအရေး တက်ကြွလှုပ်ရှားသူ(၆)ဦးဟာ စနေနေ့က ဂျာမနီနိုင်ငံ မြူးနစ်လေဆိပ် လုံခြုံရေး အကာအရံစည်းရိုးကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ပြေးလမ်းတွေကိုသွားတဲ့ လမ်းတွေပေါ်မှာ ထိုင်ပြီး ပိတ်ဆို့ခဲ့လို့ လေယာဉ်ခရီးစဉ်တွေ ယာယီပိတ်ခဲ့ရပါတယ်။
သီတင်း (၆)ပတ်ကြာ ကျင်းပနေတဲ့ အထွေထွေရွေးကောက်ပွဲနဲ့ တိုက်ဆိုင်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်း အပူချိန်လွန်ကဲနေလို့ မဲဆန္ဒပေးသူတွေ ကျန်းမာရေးအန္တရာယ် ပိုရင်ဆိုင်လာရမှာကို ကျွမ်းကျင်သူ ပညာရှင်တွေက စိုးရိမ်နေတာဖြစ်ပါတယ်။
ကျင်ဟိုင်းပြည်နယ်ရဲ့ မြို့နယ် ၂ ခုမှာ H5 တုပ်ကွေးဖြစ်ပွါးမှု ၂၇၅ ခုရှိကြောင်း အတည်ပြုခဲ့တာဖြစ်ပြီး ဒီရောဂါပိုးကို သေဆုံးသွားတဲ့ ဇင်ယော်နဲ့ တခြား တောရိုင်းငှက်တွေမှာ တွေ့ရတယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာန website မှာ သတိပေးချက် ထုတ်ပြန်ထားတာပါ။
လာမယ့် ရက်သီတင်းပတ် (၃)ပတ်အတွင်းမှာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစီအစဉ်သစ် မချမှတ်နိုင်ရင် အစ္စရေးနိုင်ငံရဲ့ အဖွဲ့ဝင်သုံးဦးပါ စစ်ဝန်ကြီးအဖွဲ့ကနေ နုတ်ထွက်မယ်လို့ မျှတတဲ့ နိုင်ငံရေးအမြင်ရှိသူတဦးဖြစ်တဲ့ Benny Gantz က စနေနေ့က ခြိမ်းခြောက်လိုက်ပါတယ်။
မြန်မာအပါအဝင် အရှေ့တောင်အာရှ နဲ့ အာရှနိုင်ငံတွေက ခြင်္သေ့နဲ့ နဂါးအကအဖွဲ့တွေ ပါဝင်ယှဥ်ပြိုင်ကြတဲ့ ကမ္ဘာ့ခြင်္သေ့နဲ့ နဂါးအက ချန်ပီယံပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပနေပါတယ်။
Rafah မြို့မှာ ဒီနေ့ ဗုံးကြဲတိုက်ခိုက်မှုတွေအပါအဝင် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အကန့်အသတ်နဲ့ စစ်ဆင်နေတယ်လို့ အစ္စရေးစစ်တပ်ကဆိုပြီး တိုက်ခိုက်နေတာ ၁၀ ရက် ကျော်ရှိနေပြီ၊ ဂါဇာမြောက်ပိုင်းမှာလည်း အစ္စရေးစစ်တပ်နဲ့ Hamas စစ်သွေးကြွတွေကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပါတယ်။
ဟားမတ်စ်တွေဝင် ရောက်တိုက်ခိုက်ပြီးနောက် အစ္စရေးရဲ့ ၇ လကြာ လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ကလေးငယ်တွေ အပါအဝင် ဂါဇာဒေသတွင်း သေဆုံးသူအရေအတွက်ဟာ ၃၅,၀၀၀ ကျော် သွားပြီလို့ ဂါဇာကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ အစ္စရေးဓါးစာခံ၁၀၀ ကျော်လောက်ကို ဆက်လက် ဖမ်းဆီးထားဆဲလို့ ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်