အစ္စရေးအဆို ရာဖာမြို့ အကန့်အသတ်နဲ့ထိုးစစ်ကြောင့် နေရပ်ရွှေ့ပြောင်းခဲ့ရတဲ့ ထောင်သောင်းချီတဲ့ ပါလက်စတိုင်းသားတွေဆီ စားနပ်ရိက္ခာနဲ့ အခြားအခြေခံလိုအပ်ချက်တွေ ပေးပို့ဖို့ ခက်ခဲနေတယ်လို့ အေပီသတင်းမှာဖော်ပြပါတယ်။
စစ်ပွဲတွေပြီးသွားတဲ့အခါ ပါလက်စတိုင်းဒေသတလျှောက် မင်းမဲ့စရိုက်ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် လူဦးရေထူထပ်တဲ့ Rafah မြို့ကို ဝင်ရောက် တိုက်ခိုက်ခြင်းမပြုဖို့ အမေရိကန်က သတိပေးနေတဲ့ကြားက အစ္စရေးရဲ့ ခြေလျင်တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်နေတာပါ။
အမေရိကန်တည်ဆောက်ထားတဲ့ ဆိပ်ကမ်းနေ ဂါဇာဒေသကို ပထမဦးဆုံးအကြိမ် အကူအညီတွေပေးဖို့ အမေရိကန် ကုန်တင်သင်္ဘာ Sagamore ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဆိုက်ပရက်စ်ကနေ ထွက်ခွာသွားပါပြီ။ ရာဖာနယ်စပ်ကို အစ္စရေး တပ်တွေ ပိတ်ထားတဲ့အချိန် ဒီအကူအညီတွေဟာ အလွန်အမင်းလိုအပ်နေတဲ့အကြောင်း ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ပါလက်စတိုင်းသား ၁.၃ သန်းထဲက ၃ သိန်းတို့ဟာ အစ္စရေးလ်ရဲ့တိုက်ခိုက်မှုကြောင့် ဂါဇာတောင်ပိုင်းကို လွန်ခဲ့တဲ့လပိုင်းက ထွက်ပြေးလာတာဖြစ်ပြီး ခုတခါမှာလည်း ရာဖာမြို့ အနောက်မြောက်ဘက်က နယ်မြေတခုဆီ ပြောင်းရွှေ့ဖို့ သူတို့ကို အမိန့်ထုတ်ထားပါတယ်။
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Rafah မြို့အပေါ် အစ္စရေးစစ်တပ်က အပြည့်အဝထိုးစစ်ဆင်မှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာ ထွက်သွားနေကြသူ ၁ သိန်းကျော်သွားပြီလို့ ကုလသမဂ္ဂက ဒီနေ့ သောကြာနေ့မှာ ပြောကြားပါတယ်။
ဂါဇာတောင်ပိုင်းက ရာဖါမြို့ကို အစ္စရေးတွေ အပြင်းအထန်ထိုးစစ်ဆင်တဲ့ တနင်္လာနေ့ကစပြီး ရာဖါကနေ ဒေသခံ ၈ သောင်းလောက် ထွက်ပြေးကြရတယ်လို့ UNRWA ပါလက်စတိုင်း ဒုက္ခသည်ဆိုင်ရာကုလသမဂ္ဂ အေဂျင်စီက ကြာသပတေးနေ့မှာ ပြောပါတယ်။
အစ္စရေးက ဂါဇာဒေသတောင်ပိုင်းမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က စစ်ဆင်ရေးတွေ အရှိန်အဟုန်မြင့်လာချိန်ကစပြီး၊ Rafah မြို့ကနေ ထွက်ပြေးသူ ၈ သောင်း လောက်ရှိတယ်လို့ ပါလက်စတိုင်းဒုက္ခသည်တွေ အကူအညီပေးနေတဲ့ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) က ဒီကနေ့ ပြောပါတယ်။
အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်က ခရမ် ရှာလုံ (Kerem Shalom) နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာပေမယ့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပါလက်စတိုင်းပိုင်နက်အတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ဂါဇာကမ်းမြောင်တောင်ပိုင်းမှာရှိတဲ့ Rafah မြို့ကို အစ္စရေးက ထိုးစစ်ဆင်တိုက်ခိုက်တဲ့အပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုအသစ်တွေ ဒီကနေ့ ထပ်မံထွက်ပေါ်လာနေချိန်မှာဘဲ ကာတာနိုင်ငံနဲ့ အာဖရိကသမဂ္ဂတို့က ပိုမို ဆိုးရွားလာနေတဲ့ စာနာမှုဆိုင်ရာ အခက်အခဲကိစ္စအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုကြပါတယ်။
Boeing ကုမ္ပဏီထုတ် စစ်လက်နက်တွေ အစ္စရေးကို တင်ပို့မှုတွေ အမေရိကန်က ဆိုင်းငံ့ထားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အမေရိကန်ရဲ့ အနီးကပ်မဟာမိတ် အစ္စရေးကို နိုင်ငံရေးအရ သတင်းစကားပါးတာ ဖြစ်ကြောင်းလည်း နီးစပ်သူ ၄ ဦးထဲက ၂ ဦးကို ကိုးကားပြီး Reuters သတင်းက ဖော်ပြခဲ့တာပါ။
ဂါဇာကမ်းမြောင်ကိုဝင်တဲ့ ရာဖာနဲ့ Karem Shalom လမ်းဆုံနှစ်ခုကို ပိတ်လိုက်တာကြောင့် ဂါဇာနေ ပါလက်စတိုင်းနှစ်သန်းကျော်အတွက်လိုအပ်တဲ့ မရှိမဖြစ်ပစ္စည်းတွေကို ဖြတ်တောက်လိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး အဖွဲ့တွေက ပြောကြပါတယ်။
ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို ထိုးစစ်မဆင်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တနင်္လာနေ့က အရေးတကြီး သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်