ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေဖို့နဲ့ စစ်ရေးအတွေ့အကြုံတွေဖလှယ်ဖို့ ရွှေနဂါး နှစ်စဥ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ဒီသီတင်းပတ်ထဲစတင်မယ်လို့ ကမ္ဘောဒီးယား တာဝန်ရှိသူတွေက တနင်္လာနေ့မှာပြောပါတယ်။
ကင်ညာနိုင်ငံမှာ အီလက်ထရောနစ် စစ်ထုတ်စက်ကို သုံးပြီး လေထဲက အစိုဓါတ်ကိုဖမ်းယူတဲ့ နည်းပညာနဲ့ တနေ့ကို ရေ လီတာ ၅၀၀ လောက်အထိ ဖြန့်ဖြူးပေးနိုင်ပါတယ်။ နိုင်ရိုဘီက Victoria Amunga ပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
တောင်တရုတ်ပင်လယ်ပြင်ထဲ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းစုတွေထဲတခုဖြစ်တဲ့ Sabina Shoal ကျွန်းမှာ တရုတ်နိုင်ငံက တည်ဆောက်ရေး လုပ်ငန်းတွေ မလုပ်နိုင်အောင် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က စောင့်ကြပ် တားဆီးသွားမယ်လို့ တနင်္လာနေ့မှာပြောပါတယ်။
စစ်ပွဲတွေပြီးသွားတဲ့အခါ ပါလက်စတိုင်းဒေသတလျှောက် မင်းမဲ့စရိုက်ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် လူဦးရေထူထပ်တဲ့ Rafah မြို့ကို ဝင်ရောက် တိုက်ခိုက်ခြင်းမပြုဖို့ အမေရိကန်က သတိပေးနေတဲ့ကြားက အစ္စရေးရဲ့ ခြေလျင်တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်နေတာပါ။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ ၅ ကြိမ်မြောက်သမ္မတရာထူး စတင်ယူလိုက်တဲ့အချိန်မှာပဲ သူ့ရဲ့အစိုးရဝန်ကြီးအဖွဲ့မှာ ရာထူး အပြောင်းအလဲတွေစပြီးဆောင်ရွက်လာပါတယ်။
ရုရှားနဲ့ နယ်စပ်ဒေသဖြစ်တဲ့ ယူကရိန်းပိုင် Kharkiv ဒေသအတွင်းမှာရှိတဲ့ အရေးပါတဲ့မြို့ကို ရုရှားတို့က နယ်စပ်ဖြတ်ကျော်ပြီး တိုက်ခိုက်မှုတွေ အရှိန်မြင့် ပြုလုပ်နေတဲ့အတွက် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးကင်းရာ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ဒီကနေ့ ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း မီးတောင်ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ဒေသမှာ မိုးကြီးပြီး ရုတ်တရက် ရေးကြီးမှုတွေ ဖြစ်ခဲ့တာအပြင် အေးခဲနေတဲ့ ချော်ရည်တွေ စီးဆင်းခဲ့တာကြောင့် အနည်းဆုံး ၁၂ ဦး သေဆုံးပြီး၊ ၄ ဦး ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့ မေလ ၁၂ ရက်နေ့မှာ ပြောပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်အကြား ချက်ခြင်း အပစ်အခတ် ရပ်စဲကြဖို့၊ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးဖို့နဲ့ ပါလက်စတိုင်းဒေသကို စာနာမှုဆိုင်ရာ အကူအညီတွေ အရှိန်မြင့် ပို့ဆောင်ကြဖို့ ကုလအတွင်းရေးမှူးချုပ် တောင်းဆိုလိုက်ပါတယ်။
ဂါဇာကမ်းမြောင် မြောက်ပိုင်းမှာရှိတဲ့ Jabalia ဒေသကို အစ္စရေးက ဒီကနေ့ အစောပိုင်းမှာ တင်ကားတွေ ပို့လိုက်ပါတယ်။ အစ္စရေးက စနေညပိုင်းမှာ လေကြောင်းက တိုက်ခိုက်မှုတွေ အကြီးအကျယ် ပြုလုပ်ခဲ့တာကြောင့် လူ ၁၉ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း Kharkiv ဒေသထဲက နယ်စပ်ရွာ ၇ ရွာ ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွါးနေကြောင်းနဲ့ Donesk တောင်ပိုင်းဒေသမှာ အခြေနေတွေ အထူး တင်းမာနေတယ်လို့ စနေည ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။
ဖိလစ်ပိုင်နဲ့ တရုတ်ပိုင်နက်အငြင်းပွားမှုဖြစ်နေတဲ့တောင်တရုတ်ပင်လယ်ပြင်အတွင်းက Sabina Shoal ကျွန်းအနီး တရုတ်ကကျွန်းတုတခုတည်ဆောက်နေတယ်လို့ဖိလစ်ပိုင်ဘက်စွပ်စွဲထားပြီး၊ ဖိလစ်ပိုင်းကမ်း ခြေစောင့်သင်္ဘောတစီးကို ပို့ဆောင်ထားတယ်လို့ စနေနေ့မှာ ဖိလစ်ပိုင်ကပြောဆိုလိုက်ပါတယ်။
ယူကရိန်းအရှေ့မြောက်ပိုင်းမှာ ဒုတိယနေ့အဖြစ် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပြီး အဲဒီဒေသက မြို့ရွာ ၅ ခုကို ရုရှားတပ်တွေ သိမ်းပိုက်နိုင်ပြီလို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပေမယ့် ယူကရိန်းကတော့ အတည်မပြုပါဘူး။
နောက်ထပ်ကြည့်ရှုရန်