သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာဖိအားတွေကြားမှာပဲ ဂါဇာစစ်ဆင်ရေးဆက်လုပ်နေ


အစ္စရေး-ဂါဇာနယ်စပ်မှာရပ်ထားတဲ့ အစ္စရေးတင့်ကားများ။ (ဧပြီ ၂၈၊ ၂၀၂၄) I
အစ္စရေး-ဂါဇာနယ်စပ်မှာရပ်ထားတဲ့ အစ္စရေးတင့်ကားများ။ (ဧပြီ ၂၈၊ ၂၀၂၄) I

ဟာမတ်စ်နဲ့ အစ္စရေးတို့အပေါ် နိုင်ငံတကာရဲ့ဖိအားပေးမှုတွေ ကြီးထွားလာနေချိန်မှာပဲ အစ္စရေးလ်တို့က ဂါဇာစစ်ဆင်ရေးကို တနင်္ဂနွေနေ့မှာ ဆက်လက်ဆင်နွှဲပါတယ်။ အစ္စရေးလ်နယ်စပ်အနီး ဂါဇာဒေသထဲမှာ မီးခိုးလုံးတွေတက်လာတာနဲ့ တင့်ကားတွေ လှုပ်ရှားသွားလာနေတာကို မြင်ရပါတယ်။

ဂါဇာဒေသတွင်း ၇ လနီးပါးကြာလာပြီဖြစ်တဲ့စစ်ပွဲတွေ အပစ်ရပ်စဲနိုင်ရေးနဲ့ ဟာမတ်စ်တို့လက်ထဲက ဓားစားခံတွေပြန်လွတ်လာရေးအတွက် နှစ်ဦးနှစ်ဘက် ပိုမိုခိုင်မာတဲ့ကတိကဝတ်တွေနဲ့ အလေးထားမှုတွေပြသကြဖို့ ကာတာအကြီးတန်းအရာရှိတဦးက တိုက်တွန်းပါတယ်။ ဟာမတ်စ်တို့ရဲ့ဌာနချုပ်ရှိရာ ဒိုဟာမြို့မှာ ဟာမတ်စ်တို့ရဲ့ဌာနချုပ်ဖွင့်လှစ်ခွင့်ပြုထားတဲ့ကာတာနိုင်ငံဟာ အမေရိကန်၊ အီဂျစ်တို့နဲ့အတူ ပြီးခဲ့တဲ့နိုဝင်ဘာလ အပစ်ရပ်ပြီး ဓားစားခံတွေလွတ်မြောက်လာအောင် အဓီကစေ့စပ်ညှိနှိုင်းပေးခဲ့တဲ့နိုင်ငံ လည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း စိတ်ပျက်ပုံရလာတဲ့ ကာတာက သူ့ရဲ့ကြားဝင်စေ့စပ်ပေးတဲ့ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်နေတယ်လို့ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး နောက်ဆုံးတင်ပြချက်တွေကို ဆွေးနွေးဖို့ အစ္စရေးလ်ကိုယ်စားလှယ်အဖွဲ့ အီဂျစ်နိုင်ငံကို လာမယ့်ရက်ပိုင်းအတွင်း ရောက်ရှိလာမယ်လို့ ခန့်မှန်းကြောင်း ဟာမတ်စ်အကြီးတန်းအရာရှိ Basem Naim က အေပီသတင်းဌာနကိုပြောပါတယ်။

ဟာမတ်စ်ကိုယ်စားလှယ်အဖွဲ့လည်း အပစ်ရပ် ဆွေးနွေးပွဲကျင်းပရာ ကိုင်ရိုမြို့ကို လာရောက်မယ်လို့လည်း ပြောပါတယ်။ အီဂျစ်အစိုးရပိုင် အယ်လ် အိုဟီရာ ရုပ်သံဌာနကတော့ တနင်္လာနေ့မှာ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိမယ်လို့ ကြေညာသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG