သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် တက္ကသိုလ်တွေမှာ စစ်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြ


၂၀၂၄ ဧပြီလ ၂၅ ရက်နေ့က Emory တက္ကသိုလ်မှာ ပြုလုပ်တဲ့ စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲ (ဓါတ်ပုံ - AFP)
၂၀၂၄ ဧပြီလ ၂၅ ရက်နေ့က Emory တက္ကသိုလ်မှာ ပြုလုပ်တဲ့ စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲ (ဓါတ်ပုံ - AFP)

အမေရိကန်နိုင်ငံတဝန်းက တက္ကသိုလ်ကျောင်းတွေမှာ ဂါဇာစစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို တချို့တက္ကသိုလ်တွေနဲ့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးအရေးယူတာတွေ ရှိနေချိန်မှာပဲ၊ ဂါဇာစစ်ပွဲကို ဆန့်ကျင်တဲ့ ကျောင်းသားတွေကတော့ ဆန္ဒပြပွဲတွေကို ဆက်လုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။

St. Louis မြို့က ဝါရှင်တန်တက္ကသိုလ်က တချို့တက္ကသိုလ်ကျောင်း အဆောက်အအုံတွေကို ပိတ်ပစ်လိုက်ပြီး Green Party က သမ္မတလောင်းအဖြစ် ဝင်အရွေးခံမယ် Jill Stein အပါအဝင် ဆန္ဒပြတဲ့သူတချို့ကို မနေ့က ဖမ်းဆီးလိုက်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတက္ကသိုလ်ကလည်း သူတို့ရဲ့ ကျောင်းဝင်တခုကို ကျောင်းအဆောင်မှာ နေတဲ့သူကလွဲပြီး ကျန်တဲ့သူတွေဝင်လို့ မရဘူးဆိုပြီး ယာယီပိတ်လိုက်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဘော်စတွန်မြို့က အရှေ့မြောက်တက္ကသိုလ်အတွင်းမှာ စခန်းချထားတဲ့ ဆန္ဒပြတဲ့သူတွေကို အဓိကရုဏ်း နှိမ်နှင်းရေးရဲတပ်ဖွဲ့တွေက ရှင်းလင်းနှိမ်နှင်းခဲ့ပြီး၊ ဆန္ဒပြတဲ့သူ ၆၉ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ အယ်ရီဇိုးနားပြည်နယ်တက္ကသိုလ်က ပြောပါတယ်။ ဒါ့အပြင် အင်ဒီယားနားတက္ကသိုလ်မှာလည်း ၂၃ ယောက် ဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။ နယူးယောက်မြို့က ကိုလံဘီယာတက္ကသိုလ်မှာတော့ ကျောင်းသားတွေနဲ့ ကျောင်းအာဏာပိုင်တွေကြားမှာ စေ့စပ်ဆွေးနွေးမှုတွေ လုပ်နေပါတယ်။

Forum

XS
SM
MD
LG