ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ဟာ မကြာခင်ရက်ပိုင်းအတွင်းက RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် ခေါင်းဆောင်နဲ့တွေ့ဆုံသလို လွန်ခဲ့တဲ့ ၂ လခန့်ကလည်း ကချင်၊ ကရင်၊ ကရင်နီ အဖွဲ့တွေအပြင် NUG ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေအတွင်း ထိခိုက်သေကျေမှုတွေ ရှိနေတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ဗွီအိုအေကို ပြောဆိုခဲ့တာပါ။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် , စကခ ၁၅ , က ဒု တပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ဒီလ ၄ ရက်နေ့မှာ လက်နက်ချအညံ့ခံခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ စံချိန်တင်အောင် အပူဒဏ်ခံခဲ့ရတာကြောင့် မွေးမြူရေး လုပ်ငန်းတွေမှာပါ ထိခိုက်မှုတွေ ကြုံနေရပါတယ်။ ကမ္ဘာမှာအပူဆုံး စာရင်းဝင် ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက မွေးမြူရေးလုပ်ငန်းတွေမှာဆိုရင်လည်း အပူဒဏ်ကြောင့် မွေးမြူရေး တိရစ္ဆာန်တွေ ထိခိုက်သေဆုံးရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်မှာ မေလ ၆ ရက် မနက်ပိုင်းလောက်က စစ်ကောင်စီရဟတ်ယာဉ် တစ်စီးကို ပစ်ချခဲ့တယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
ကချင်ပြည်နယ်မှာ အရေးပါတဲ့ နေရာတချို့ အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁ ဒါဇင်နီးပါးကို သိမ်းယူနိုင်ခဲ့ကြောင်း ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA ကပြောပါတယ်။ မြစ်ကြီးနားပူတာအို ကားလမ်းနဲ့ ဆွမ်ပရာဘွမ်မြို့နယ်ကို ထိန်းချုပ်ထားတဲ့ စခန်းကိုတော့ ပူးပေါင်းတပ်တွေ ၂လကျော်ကြာ တိုက်ခိုက်ခဲ့ကြောင်းပြောပါတယ်။
မော်လမြိုင်မြို့က ပုဂ္ဂလိကဆေးရုံ တခုမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတချို့ကို ဝန်ထမ်းခန့်ထားတယ်ဆိုပြီး တိုင်ကြားခံရတာကြောင့် ယာယီပိတ်ဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ နီးစပ်သူတချို့က ပြောပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းမှာ အပူဒဏ်ကြောင့် ဧပြီလအတွင်း လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသခံလူမှုရေးအသင်းတွေကပြောပါတယ်။ သေဆုံးသူတွေထဲက အယောက် ၃၀ ဝန်းကျင်ဟာ နဂိုရှိရင်းစွဲ နာတာရှည်ရောဂါခံစားနေရသူတွေ ဖြစ်ပြီး အများစုမှာ အသက် ၅၀ ကနေ ၉၀ အတွင်းရှိသူတွေလို့ ဆိုပါတယ်။
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ မြန်မာနိုင်ငံအပေါ် စွဲချက်တင်တဲ့အမှုကို နိုင်ငံတကာတရားရုံးမှာ မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာ နှစ်နိုင်ငံစလုံး မျှော်လင့်ထားကြောင်း သောကြာနေ့က ထုတ်ဖော်ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြား တနိုင်ငံလုံး အတိုင်းအတာနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရပ်သားက ဒီသီတင်းပတ်ထဲမှာ ၃ သန်းကျော်အထိ စံချိန်တင်ရောက်ရှိလာပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒီကိန်းဂဏန်းဟာ ခြောက်လအတွင်း ၅၀ ရာခိုင်နှုန်း ခုန်တက်သွားတာလို့ ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းမှာ အပူဒဏ်ကြောင့် ဧပြီလအတွင်း လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသခံလူမှုရေးအသင်းတွေကပြောပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြား တနိုင်ငံလုံး အတိုင်းအတာနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရပ်သားက ဒီသီတင်းပတ်ထဲမှာ ၃ သန်းကျော်အထိ စံချိန်တင်ရောက်ရှိလာပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်