ဒီအပတ်နော်သဇင်က မြူးနစ်မြို့မှာရှိတဲ့ ဘာဗေးရီးယား အမျိုးသားပြတိုက်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံဆိုပြီး မဖြစ်လာသေးခင် ဘာဗေးရီးယား သက်ဦးဆံပိုင်ဘုရင်စနစ်ရဲ့ သမိုင်းဝင် အထောက်အထားအနုပညာတွေကို နော်သဇင်နဲ့အတူ လိုက်ကြည့်ကြရအောင်ပါ။
အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း Michigan ပြည်နယ် Detroit မြို့မှာ တရုတ်တန်း စည်ကားခဲ့ပါတယ်။ သမိုင်းဝင်တရုတ်တန်းရပ်ကွက် ပျောက်ကွယ်သွားပေမယ့် အဲဒီတုန်းကတည်းက ထင်ရှားခဲ့တဲ့ အရိုးလွတ်အယ်မွန်စေ့ကြက်ကြော်ဟင်းကတော့ နာမည်ကြီးနေဆဲပါ။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ အနေနဲ့ စာတိုက်ကနေ ပေးပို့ မဲထည့်တာ အပါအဝင် မဲထည့်ဖို့ နည်းလမ်းများစွာ ရှိပါတယ်။ စာတိုက်ကနေ တဆင့် မဲထည့်မှုကို ဒီမိုကရက် အများအပြားက လက်ခံ ယုံကြည်ထားကြပြီး ဒီနှစ်မှာတော့ ရီပါဘလစ်ကန်ပါတီ ခေါင်းဆောင်တွေကလည်း တိုက်တွန်းလာပါတယ်။
ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက ကြားနာစစ်ဆေးနေတဲ့အမှုမှာ သက်သေအထောက်အထားတွေ ရထားပြီဖြစ်တဲ့အတွက် ဒီနှစ်အတွင်း နိုင်ငံတကာ ဖမ်းဝရမ်းထုတ်လိမ့်မယ်လို့ ခန့်မှန်းကြောင်း အာဂျင်တီးနား လူ့အခွင့်အရေးရှေ့နေ Tomas Quintina က ပြောပါတယ်။
နယူးယောက်မြို့မှာကြီးတဲ့ မကြေးမုံက မြန်မာတွေ အနေများတဲ့ Queens အရပ်က အရသာရှိတဲ့ အစားအသောက်တွေနဲ့ မိတ်ဆက်ပေးထားပါတယ်။ ကမ္ဘာတလွှားက အစားအသောက်အစုံကို ရရှိနိုင်တာပါ။ အစားအသောက်တွေနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်စကားကို မကြေးမုံ အမေရိကန်အသံထွက်နဲ့ ပြောထားတာ လေ့လာနိုင်ပါတယ်။
နိုင်ငံရေး ပဋိပက္ခ၊ စစ်ရေးပဋိပက္ခနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတဲ့ ကရင်နီဒေသမှာ ကရင်နီ သတင်းဌာနတခု ဖြစ်တဲ့ ကန္တာရဝတီတိုင်း(မ်)က ကရင်နီဒေသခံတွေနဲ့ တခြားတိုင်းရင်းသားတွေအတွက်ပါ အားထားစရာ အရေးပါတဲ့ သတင်းဌာန တခု ဖြစ်ပါတယ်။ မညိုညိုလွင်က ဒီတပတ် နေရာပေါင်းစုံ၊ အကြောင်းစုံ အစီအစဉ်မှာ တင်ပြထားပါတယ်။
ယူအေအီးနိုင်ငံ ဒူဘိုင်းမှာ အလုပ်အင်တာဗျူး ဖြေချိန်မှာတောင် အွန်လိုင်းလိမ်လည်မှုတွေ ရှိနေတတ်တာကြောင့် သတိထားသင့်တယ်လို့ ဒူဘိုင်းမှာ အလုပ်လုပ်နေတဲ့ GenZ လူငယ်က ပြောပါတယ်။ ဒူဘိုင်းမှာ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ အွန်လိုင်းလိမ်လည်မှုတွေအကြောင်း မခင်လေးက GenZ ပရိသတ်အတွက် စကားပြောထားပါတယ်။
နယ်သာလန်နိုင်ငံက ပန်းချီဆရာမတယောက် ပန်းချီကား ၁၀ ချပ်ကို တပြိုင်နက်ရေးဆွဲနိုင်လို့ နာမည်ကြီး၊ တောင်ကိုးရီးယားလူရွှင်တော်က ဘုန်းကြီးလို ဝတ်ပြီး ဗုဒ္ဓတရားတော်တွေကို EDM အီလက်ထရောနစ်အကဂီတအသွင် ဖန်တီးတင်ဆက်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ကမ္ဘာသတင်းတွေမှာ အစ္စရေးနဲ့ ပါလက်စတိုင်း သတင်းတွေ လက်ရှိ ထိပ်တန်းရောက်နေတာမို့ အစ္စရေးနိုင်ငံနဲ့ ပတ်သက်တဲ့ အကြောင်းတချို့ကို မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ ပြောပြထားပါတယ်။
ရခိုင်မှာရှိတဲ့ တရုတ်ဗျူဟာမြောက် အကျိုးစီးပွားကို ကာကွယ်ဖို့ တရုတ်နိုင်ငံဟာ စစ်ပွဲတွေရပ်အောင် နှစ်ဘက်စလုံးကို ဖိအားပေးနေတယ်လို့ USIP က တရုတ်၊ မြန်မာအရေး အကဲခတ် ဂျေဆင်တာဝါက ပြောပါတယ်။ တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ ရှေ့အလားအလာတွေနဲ့ ပတ်သက်ပြီး ကိုငြိမ်းချမ်းအေး အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ပြောင်း ပြည်ပတင်ပို့မှု မြင့်တက်လာပေမဲ့ ရှမ်းပြောင်းစျေး ကျဆင်းနေဆဲ ဖြစ်ပါတယ်။ ဒီသတင်းတွေအပြင် တပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံဈေးနှုန်း အတက်အကျက ဘယ်လိုရှိပါသလဲ။ လယ်ယာစီးပွား သတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
စစ်ကောင်စီအကြီးအကဲ အာဆီယံနဲ့ တွေ့ဆုံ စာနာမှုအကူအညီနဲ့ အာဆီယံအစည်းဝေးများ ပါဝင်ရေး ဆွေးနွေး၊ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ကူမင်း အစည်းအဝေးပွဲ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်