သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကို လက်နက်မထောက်ပံ့ဖို့ တရုတ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သတိပေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ ဘေဂျင်းမြို့မှာ တွေ့ဆုံဆွေးနွေး။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ ဘေဂျင်းမြို့မှာ တွေ့ဆုံဆွေးနွေး။

ရုရှား ကာကွယ်ရေးဌာန စက်မှုလုပ်ငန်းအတွက် တရုတ်ရဲ့ အထောက်အပံ့ပေးမှုအပေါ် အထူးစိုးရိမ်ကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ အသေချာပြင်ဆင်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

ဘေဂျင်းကိုရောက်နေတဲ့ ဝန်ကြီး Blinken ဟာ ၂ နိုင်ငံကြား အငြင်းပွါးမှုတွေကို တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ရော၊ အခြားတရုတ်ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပြီး အချိန်ပိုင်းအတွင်းမှာပဲ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ တရုတ်က ရုရှားကို Microchips တွေ၊ စက်ပစ္စည်းတွေနဲ့ ယူကရိန်းစစ်ပွဲမှာသုံးမယ့် လက်နက်ထုတ်လုပ်ရာမှာ သုံးနိုင်တဲ့ ပစ္စည်းတွေပေးပို့မှုဟာ ဝန်ကြီး Blinken အဓိကဆွေးနွေးတဲ့ အကြောင်းအရာဖြစ်ကြောင်း အမေရိကန်အရာရှိတွေက ပြောပါတယ်။

ဒီကိစ္စကို တရုတ်က ဖြေရှင်းဖို့မလုပ်ရင် အမေရိကန်က အရေးယူဆောင်ရွက်ရမှာဖြစ်ကြောင်း သမ္မတရှီကို သူပြောကြားခဲ့တယ်လို့ ဝန်ကြီး Blinken ကပြောပါတယ်။

ယူကရိန်းစစ်ပွဲအတွက် အရေးပါတဲ့ လက်နက်ထုတ်ရာမှာ သုံးနိုင်တဲ့ပစ္စည်းတွေ တရုတ်က ရုရှားကို တင်ပို့မှု တားဆီးနိုင်ဖို့ နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်မှာ ဖြစ်ကြောင်း အမေရိကန်က သီတင်းပတ်အတော်ကြာ ပြောဆိုနေပေမယ့် ဘယ်တော့ ချမှတ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒါပေမဲ့ အမေရိကန် ဘဏ်စနစ်ထဲကနေ ပင်မ တရုတ်ဘဏ်တွေကို ဖယ်ရှားလိုက်ချိန်ကစပြီး အမေရိကန်နဲ့ ကမ္ဘာ့စီးပွားရေးကိုတော့ ထိခိုက်စေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်က ဘယ်လို အရေးယူမယ်ဆိုတာကို ဘေဂျင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Blinken က အသေးစိတ် ထုတ်မပြောပါဘူး။ တရုတ်ကုမ္ပဏီပေါင်း ၁၀၀ ကျော်ကို အရေးယူထားတယ်လို့သာ ပြောပါတယ်။

ဒါပေမယ့် အခု ဘေဂျင်းဆွေးနွေးပွဲမှာ အမေရိကန်ဘက်က တရုတ်အပေါ် နောက်ထပ်အရေးယူမှုတွေ ချမှတ်မှာ ဖြစ်ကြောင်းနဲ့ ဒီအတွက် အသေအချာ ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။ တရုတ်သမ္မတ ရှီကတော့ တရုတ်ဟာ သူ့ကုန်သွယ်ဘက် ရုရှားနဲ့ ပုံမှန်ကုန်သွယ်မှုလုပ်တာသာဖြစ်ကြောင်းနဲ့ အမေရိကန်-တရုတ် ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့ လိုအပ်တာတွေကို အာရုံစိုက်လုပ်ဆောင်နေကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG