သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအကျဉ်းထောင်တွေက မြန်မာ ၁၀၇ ဦး ပြန်လည်လွှဲပြောင်း 


ထိုင်းနိုင်ငံတောင်ပိုင်းက အကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကျခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၁၀၇ ဦးကို မေလ ၈ ရက်နေ့ နေလည်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်လွှဲပြောင်းပေးစဥ်။ (Photo: FED)
ထိုင်းနိုင်ငံတောင်ပိုင်းက အကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကျခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၁၀၇ ဦးကို မေလ ၈ ရက်နေ့ နေလည်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်လွှဲပြောင်းပေးစဥ်။ (Photo: FED)

ထိုင်းနိုင်ငံတောင်ပိုင်းက အကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကျခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၁၀၇ ဦးကို မေလ ၈ ရက်နေ့ နေလည်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက အကျဉ်းထောင်အသီးသီးမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရတဲ့မြန်မာနိုင်ငံသား ၁၀၇ ဦးကို မေလ ၈ ရက်နေ့ နေလည်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကအလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

"၁၀၇ ယောက်ပေါ့။ ၁၀၇ ယောက်မှာ ယောက်ကျားလေးက ၇၄ ယောက်၊ မိန်းကလေးက ၂၉ ယောက်၊ ကလေးလည်းပါတယ်။ မိန်းကလေးက ၃ ယောက်နဲ့ ယောက်ကျားလေး ၂ ယောက်ပါတယ်။"

သူတို့က ရနောင်းလ၀ကအချုပ်ကို နေရပ်ပြန်ပို့ဖို့အတွက် ပို့လာတာပါ။ ထောင်၊ အချုပ်တွေကနေ အကြောင်းအမျိုးမျိုးနဲ့ရောက်လာကြတဲ့သူတွေပါ။ ရနောင်းလ၀ကကနေ ပြန်ပို့လာတာပါ။"

ထိုင်းနိုင်ငံတောင်ပိုင်းက ရနောင်းလ၀ကအချုပ်မှာ ရာနဲ့ချီရှိတဲ့မြန်မာတွေရှိနေပြီး အချုပ်ထဲမှာပဲ လနဲ့ချီကြန့်ကြာပြီး နေထိုင်နေရတာကြောင့် နေရပ်ပြန်ဖို့ ဆန္ဒပြတောင်းဆိုတာတွေလည်း နှစ်စဉ်ဖြစ်ပေါ်လေ့ရှိပါတယ်။ ကိုဗစ်ကပ်ဘေးကာလကစပြီး မြန်မာဘက်က လက်ခံနိုင်တဲ့အရေအတွက်ကိုသာ ထိုင်းဘက်ကပြန်ပို့ရတာကြောင့်လည်း ရနောင်းအချုပ်ထဲမှာ မြန်မာတွေ စုပုံနေတာဖြစ်တယ်လို့လည်းဆိုပါတယ်။

"ရနောင်းလ၀ကမှာက ရာနဲ့ချီရှိတဲ့သူတွေကအမြဲရှိနေတာပါ။ ပြန်ပို့တဲ့အခါမှာ မြန်မာဘက်ကနေ ခွင့်ပြုချက်ယူပြီးမှပို့ရတာပါ။ မြန်မာဘက်ကလည်းစာရင်းယူပြီး လက်ခံမှ အိုကေတယ်ဆိုမှ ပို့ရတာပါ။ မြန်မာဘက်ကလက်ခံမှ ပို့ပေးရတယ်။ ပုံမှန်ကတော့ တလကို ၂ ကြိမ်ပို့ရတယ်။ အခုကတော့ တလတကြိမ်လောက်ပဲပို့ရတယ်။ ပုံမှန်ကတော့ တလနှစ်ံကြိမ်လောက်ပို့ရတာပါ။"

ထိုင်းနိုင်ငံဘက်ခြမ်းက ရနောင်းမြို့အာဏာပိုင်တွေနဲ့အတူ မြန်မာအလုပ်သမားသံအရာရှိဖြစ်တဲ့ ဦးမိုးဇော်က နေရပ်ပြန်ပို့ခံရသူတွေကို လိုက်ပါပို့ဆောင်ခဲ့ပြီး ထိုင်းနိုင်ငံအတွင်း ပြန်ဝင်တဲ့အခါမှာ တရားဝင်နည်းလမ်းနဲ့သာ လာရောက်ဖို့ ပြောကြားခဲ့ပါတယ်။

အခုဆိုရင်မြန်မာနိုင်ငံကအမျိုးသားတွေ ပြည်ပနိုင်ငံမှာအလုပ်သွားရောက် လုပ်ခွင့် ယာယီပိတ်ပင်ထားတဲ့အတွက်လည်း ထိုင်းနိုင်ငံထဲကို နေ့စဉ်အထောက်အထားမဲ့တွေအများအပြား ဝင်ရောက်လာနေဆဲဖြစ်ပါတယ်။

မြန်မာနိင်ငံမှာ လူငယ်တွေစစ်မှုထမ်းရတဲ့ဥပဒေထွက်အပြီးမှာ ထိုင်းနိုင်ငံရဲ့နယ်စပ် အသီးသီးကနေ မြန်မာလူငယ်တွေ တရားမဝင်တဲ့နည်းတွေနဲ့ဝင်ရောက်လာနေပြီး ဖမ်းမိတဲ့အခါမှာ လ၀ကဥပဒေအရ ထောင်ဒဏ် ၄၅ ရက်ကျခံပြီးမှ နယ်စပ်လ၀က အချုပ်တွေကတဆင့် နေရပ်ကိုပြန်ပို့ခဲ့တာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG