သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ကို အရေးယူဒဏ်ခတ်မှု ထပ်မံချမှတ်ဖို့ ဗြိတိန်စဉ်းစားနေ


ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Dominic Raab. (စက်တင်ဘာ ၁၆၊ ၂၀၂၀)
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Dominic Raab. (စက်တင်ဘာ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်အပေါ် အရေးယူ ဆောင်ရွက်ချက်တွေ ထပ်မံလုပ်ဆောင်ဖို့ စဉ်းစားနေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ပြောပါတယ်။ စနေနေ့က ဆန္ဒပြသူနှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားပြီးတဲ့နောက်မှာ အခုလို ပြောလိုက်တာပါ။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ်ခတ်တာက လုံးဝကို လက်ခံနိုင်စရာ မရှိပါ။ ဒီမိုကရေစီကို ချေမှုန်းနေပြီး ဆန္ဒပြသူတွေကို နှိမ်နင်းနေတဲ့သူတွေကို အရေးယူဖို့ နိုင်ငံတကာက လက်တွဲဖော်တွေနဲ့အတူ ပူးပေါင်းပြီး နောက်ထပ် အရေးယူမှုတွေလုပ်ဖို့ စဉ်းစားဆောင်ရွက်သွားမယ်လို့လည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက တွစ်တာကတဆင့် ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)




XS
SM
MD
LG