သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟားမတ်စ် စေ့စပ်ရေး အီဂျစ်ကိုယ်စားလှယ်အဖွဲ့ သွားရောက်


အစ္စရေးထိုးစစ်အတွင်းက ရာဖာမြို့။
အစ္စရေးထိုးစစ်အတွင်းက ရာဖာမြို့။

ဂါဇာတောင်ပိုင်း အီဂျစ်နယ်စပ်နားက ရာဖာမြို့မှာ အစ္စရေး ထိုးစစ်ဆင်မယ့်အနေအထား ဖြစ်လာနေချိန်မှာပဲ အစ္စရေးနဲ့ ဟားမတ်စ်ကြား ညှိနှိုင်းမှုတွေ နောက်တချီ စတင်နိုင်အောင်ကြိုးစားဖို့ အီဂျစ်အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ဟာ အစ္စရေးကို သောကြာနေ့ သွားရောက်ပါတယ်။

အီဂျစ်ညှိနှိုင်းရေးအဖွဲ့ကို အဆင့်မြင့် ထောက်လှမ်းရေးအရာရှိ Abbas Kamel က ဦးဆောင်မှာဖြစ်ပြီး ဂါဇာမှာ ရေရှည် အပစ်အခတ်ရပ်စဲရေးအတွက် ပုံစံအသစ်ချပြ ဆွေးနွေးဖို့ ရှိတယ်လို့ ထိရှလွယ်တဲ့ အခြေအနေကြောင့် အမည်မဖေါ်လိုတဲ့ အီဂျစ်အရာရှိရဲ့ပြောကြားချက်ကို AP နဲ့ ရိုက်တာသတင်းတွေမှာ ဖေါ်ပြပါတယ်။

အစ္စရေးဘက်ကတော့ ပါလက်စတိုင်းအကျဉ်းသားတွေနဲ့ ဟားမတ်စ်တို့ ဖမ်းထားတဲ့ ဓါးစာခံ ၃၃ ယောက် လဲလှယ်ရာမှာ ကန့်သတ်အပစ်ရပ်ဖို့ ဆန္ဒရှိနေပြီး ဒါဟာ ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ဆက်ညှိနှိုင်းဖို့ အထောက်အကူ ဖြစ်စေမယ်လို့လည်း ပြောပါတယ်။

ဟားမတ်စ်နဲ့ တခြား ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့တွေ အခုထိ ဖမ်းထားတဲ့ ဓါးစာခံ စုစုပေါင်းက ၁၃၃ ယောက်ရှိနေပြီး ဒီအထဲက အမျိုးသမီး ၃၃ ယောက်၊ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းသူတွေ ဂါဇာမှာ အသက်ရှင်လျက် ရှိနေတယ်လို့ အစ္စရေးသတင်းတွေက ဖေါ်ပြပါတယ်။ ညှှိုနှိုင်းရေးမှုးတွေဟာ နှစ်ဘက် အပေးအယူ လုပ်လာအောင် ကြိုးစားနေပေမယ့် အစ္စရေးဘက်က နောက်ထပ် ကမ်းလှမ်းမှု မရှိဘူးလို့လည်း ပြောပါတယ်။

တကယ်လို့ သဘောတူညီချက် ရရင်တောင် ယာယီအပစ်ရပ်မှုဟာ သီတင်း ၆ ပတ်ထက် ပိုမခံနိုင်ဘူးလို့လည်း ပြောပါတယ်။ ဟားမတ်စ်တွေ သောကြာနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဂါဇာစစ်ပွဲ အဆုံးသတ်ဖို့ အမေရိကန်နဲ့ တခြား ၁၇ နိုင်ငံခေါင်းဆောင်တွေ အဆိုပြုချက်ထဲမှာ ဓါးစာခံ အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုထားပေမယ့် ပါလက်စတိုင်းဘက်က တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဘာမှ ဖေါ်ပြမထားဘူးလို့ ဝေဖန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG